ကျွန်မ၏ညီမက ကျွန်မတို့ကလေးဘဝမှ ပုံပြင်စာအုပ်ကို ပြန်ရှာတွေ့သောအခါ အသက် ၇၀ ကျော်ပြီဖြစ်သော ကျွန်မအမေက ပျော်ရွှင်သွားသည်။ ပျားရည်ခိုးသော ကြောင့် ဒေါသတကြီးနှင့် ပျားတစ်အုပ်၏လိုက်တုပ်ခြင်းခံရသော ဝက်ဝံအကြောင်း ရယ်စရာအသေးစိတ်ကို အမေက အကုန်မှတ်မိသည်။ ထိုဝက်ဝံ မည်သို့လွတ်မြောက် မည်ကို ကျွန်မတို့ ညီအစ်မက စောင့်နားထောင်ရင်းနှင့် ရယ်ကြသည်ကိုလည်း အမေ မှတ်မိသည်။ “ငယ်ငယ်တုန်းက သမီးတို့ကို ပုံပြင်အမြဲပြောပြပေးတာ ကျေးဇူးတင်ပါတယ်” ဟု အမေ့ကို ကျွန်မပြောလိုက်သည်။ အမေသည် ကျွန်မ၏ငယ်စဉ်ဘဝအပါအဝင် ကျွန်မ၏ဖြစ်ကြောင်းကုန်စင်ကို အကုန်သိသည်။ ကျွန်မအရွယ် ရောက်လာသည့်အခါတွင်လည်း အမေသည် ကျွန်မကို သိနားလည်ဆဲဖြစ်သည်။
အဘဘုရားသခင်သည်လည်း ကျွန်မတို့ကိုသိသည်။ မိမိကိုယ်ကိုသိသည်ထက်၊ ကျွန်မတို့အကြောင်းသိသူ မည်သူမဆိုထက် ပို၍နက်ရှိုင်းစွာ သိသည်။ ဘုရားသခင်သည် ကျွန်မတို့ကို “စစ်ကြော” သည်ဟု ဒါဝိဒ်မင်းကြီးက ဆိုပါသည် (ဆာ ၁၃၉:၁)။ အဘဘုရားသည် သူ၏ချစ်ခြင်းဖြင့် ကျွန်မတို့ကို…
မုန့်ဖုတ်အကူတစ်ဦးဖြစ်သော Mila (မီလာ) ကို သူ၏ကြီးကြပ်ရေးမှူးက စပျစ်သီး ပေါင်မုန့်ခိုးယူသည်ဟု စွပ်စွဲသဖြင့် မိမိကိုယ်ကို မကာကွယ်နိုင်ဘဲ အားကိုးရာမဲ့စွာ အလွန်ခံစားခဲ့ရသည်။ အခြေအမြစ်မရှိသောစွပ်စွဲမှု၊ ၎င်းနှင့်ပတ်သက်၍ လစာဖြတ်ခြင်းမှာ ထိုကြီးကြပ်ရေးမှူး၏ မတရားလုပ်ရပ်များစွာထဲမှ နှစ်ခုဖြစ်သည်။ “ဘုရားသခင်၊ ကူညီတော်မူပါ။ သူ့လက်အောက်မှာ အလုပ်လုပ်ရတာ အရမ်းပင်ပန်းပေမယ့် ဒီအလုပ်ကို ကျွန်မလိုအပ်တယ်”ဟု မီလာ နေ့စဥ်ဆုတောင်းသည်။
သူ့“ရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်” နိုင်အောင် ကြိုးစားနေသော ခိုကိုးရာမဲ့ မုဆိုးမတစ်ဦးအကြောင်းကို သခင်ယေရှု ပြောပြခဲ့သည် (လု ၁၈:၃)။ သူမ၏အမှုကို ဖြေရှင်းရန် အခွင့်အာဏာရှိသူ တရားသူကြီးတစ်ဦးထံ သွားရောက်ခဲ့သည်။ တရားသူကြီးမှာ တရားမျှတမှု မရှိသူ ဖြစ်ကြောင်း သူသိသော်လည်း သူ့ကို ချဉ်းကပ်ရာ၌ လက်မလျော့ခဲ့ပေ။
အဆုံး၌ တရားသူကြီး၏တုံ့ပြန်ချက်မှာ (:၄-၅) မေတ္တာနှင့် ဖေးမကာလျင်မြန်စွာ တုံ့ပြန်ပေးသော ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘ၏…
အင်ဒရူး၏ ဗို့စ်ဝါဂန်ကား ရပ်သွားပြီး၊ အစောင့်များက သူ့ကားကို စစ်ဆေးကြသည်။ ယခင်က သူအကြိမ်ကြိမ် ဆုတောင်းခဲ့သည့်အတိုင်း “ဘုရားသခင်၊ ကိုယ်တော် ဤလောက၌ရှိစဉ်အခါ၊ မျက်စိကန်းသူကို မြင်ခွင့်ပေးခဲ့သည်။ ယခု မြင်နေသူကို ကန်းသွားအောင် ကျေးဇူးပြု၍ လုပ်ပေးပါ” ဟု ဆုတောင်းခဲ့သည်။ အစောင့်များသည် ကားကိုရှာဖွေပြီး၊ ခရီးဆောင်အိတ်ထဲမှ ကျမ်းစာအုပ်များနှင့်ပတ်သက်၍ ဘာမှမပြောပါ။ သို့နှင့် အင်ဒရူးသည် နယ်စပ်ကို ဖြတ်ကျော်ကာ ကျမ်းစာအုပ် အပိုင်မရှိနိုင်သူများထံသို့ ကျမ်းစာအုပ်များ သယ်သွားပေးခဲ့သည်။
Andrew van der Bijl (အန်ဒရူးဗန်ဒါဘိဂျဲလ်) (သို့) ဘရာသာအင်ဒရူးသည် ခရစ်ယာန်ဘာသာကို တားမြစ်ထားသောနိုင်ငံများသို့ ကျမ်းစာအုပ်များ ယူဆောင်သွားရန် မဖြစ်နိုင်သောအမှုအတွက် ဘုရားသခင် သူ့အား ခေါ်ယူစေစားသည့်အခါ ဘုရား၏တန်ခိုးကို သူအမှီပြုခဲ့သည်။ သူ၏ပညာအရည်အချင်းနိမ့်ခြင်းနှင့် ရန်ပုံငွေ ချို့တဲ့မှုကို အလေးပေးလျက် “ကျွန်တော်ဟာ သာမန်လူတစ်ဦးပါ။ ကျွန်တော် လုပ်တဲ့အလုပ်ကို လူတိုင်း…
အလုပ်ခွင်၌ တာဝန်အသစ်ကိုလက်ခံပါမည်လားဟု မေးလာသောအခါ ကျွန်မလက်မခံပါ ဟုပြောလိုက်ချင်သည်။ အခက်အခဲများကို တွေးပြီး၊ ထိုအလုပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရည်အချင်း မပြည့်မီသေးဟု ခံစားရသည်။ သို့သော် ဆုတောင်းပြီး သမ္မာကျမ်းစာနှင့် အခြားယုံကြည်သူများထံမှ လမ်းညွှန်မှုအကြံဉာဏ်ကို ရယူသောအခါ ထိုအလုပ်ကို လက်ခံရန် ဘုရားသခင် အလိုရှိသည်ဟု ကျွန်မ သိရှိလိုက်သည်။ နှုတ်ကပတ်တော်အားဖြင့် ကိုယ်တော်ကူညီမစမည့်အကြောင်း စိတ်ချမှုကိုလည်း ရရှိခဲ့သည်။ ထို့ကြောင့် ထိုအလုပ်ကို လက်ခံခဲ့သော်လည်း စိတ်ထဲ၌မူ စနိုးစနှောင့် ဖြစ်နေဆဲပင်။
ခါနာန်ပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် တွန့်ဆုတ်နေသော ဣသရေလလူမျိုး တို့နှင့် သူလျှို ဆယ်ယောက်နေရာ၌ ကျွန်မကိုယ်ကိုကျွန်မ မြင်မိသည် (တော ၁၃:၂၇-၂၉၊ ၃၁-၃၃၊ ၁၄:၁-၄)။ ကြီးမား၍ ခွန်အားကြီးသောသူများနှင့် သူတို့၏ ခိုင်ခံ့တောင့်တင်းသော မြို့များကို မည်ကဲ့သို့အောင်နိုင်မည်နည်းဟု တွေးရင်း သူတို့လည်း အခက်ကြုံနေသည်။ “သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်အတိုင်း နှံကောင်ကဲ့…
အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်၊ ဝစ်ထီယာ (Whittier) မြို့တွင် နေထိုင်သူလူသုံးရာကျော်မှ အများစုတို့သည် တိုက်ခန်းကြီးတစ်ခုတွင် နေထိုင်ကြခြင်းကြောင့် ဝစ်ထီယာမြို့ကို “တစ်မိုးအောက်ရှိမြို့” ဟုခေါ်ကြသည်။ ထိုနေရာတွင် နေထိုင်ခဲ့ဖူးသူ Amie (အားမီ)က “ကုန်စုံဆိုင်၊ စာချုပ်စာတမ်းရုံး၊ စာသင်ကျောင်း၊ စာတိုက်တွေက မြေညီထပ်မှာရှိပြီး ဓာတ်လှေကား စီးလိုက်ရုံပဲ။ အဆောက်အအုံအပြင်ဘက်ကို ထွက်စရာမလိုဘူး” ဟုပြောသည်။
“အဲ့ဒီမှာ ဘဝက အရမ်းအဆင်ပြေနေလို့ ဘယ်သူ့မှကို မလိုအပ်ဘူးလို့ထင်ပြီး၊ တစ်ခါတစ်လေ တစ်ယောက်ထဲပဲ နေချင်ခဲ့တယ်။ ဒါပေမယ့် နေထိုင်သူတွေက အရမ်းကို နွေးထွေးတယ်။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြတယ်။ သူတို့က ကျွန်မကို လိုအပ်ပြီး၊ ကျွန်မလည်း သူတို့ကို လိုအပ်တယ်ဆိုတာ နားလည်ခဲ့ရတယ်” ဟု အားမီ က ပြောသည်။
အားမီကဲ့သို့ပင် ကျွန်မတို့လည်း တစ်ခါတစ်ရံတွင် မိမိဘာသာပင် နေချင်ပြီး အသိုင်းအဝိုင်းကို ရှောင်ရှားချင်သည်။ လူ့အသိုင်းအဝိုင်းကို…
ဂျိုစီလင်း (Joselyn) ၏စားသောက်ဆိုင်မှ အရောင်းရဆုံးအစားအစာမှာ ဆန်ပြုတ်ဖြစ်သည်။ သူမက ဆန်ပြုတ်ကို ကျေညက်သွားသည်အထိ သမအောင်သေချာစွာ မွှေသည်။ ထို့ကြောင့် သူမ၏ပုံမှန်ဖောက်သည်တစ်ယောက်က “မင်းရဲ့ဆန်ပြုတ်အရသာက ထူးခြားတယ်။ ဆန်သားက မညက်ဘူး” ဟု ပြောသောအခါ သူမ ထိတ်လန့်သွားသည်။
ဤတစ်ကြိမ်တွင် သူ၏လက်ထောက်အသစ်က ထိုဆန်ပြုတ်ကို ပြင်ဆင်ခဲ့ပြီး “ကျွန်မက အညွှန်းအတိုင်း ကြာကြာမမွှေဘဲ အိမ်မှာ ချက်သလိုမျိုးပဲ ချက်တယ်။ နှမ်းဆီလည်း ထပ်ထည့်တယ်။ အရသာ ပိုကောင်းတယ်လို့ ကျွန်မထင်ပါတယ်”ဟု အရသာကွာခြားရသည့် အကြောင်းရင်းကို ရှင်းပြသည်။ သူမသည် ဟင်းချက်နည်းကို လျစ်လျူရှုပြီး ကိုယ့်နည်းအတိုင်းလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ဘုရားသခင်၏ညွှန်ကြားချက်ကို ဤအတိုင်း တုံ့ပြန်သည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ကိုယ်တော်၏ အမိန့်တော်များကို အပြည့်အဝနာခံမည့်အစား မိမိ၏ထင်မြင်ယူဆချက်များ အတိုင်း ဆက်လုပ်နေခဲ့သည်။
ရှုရိစစ်တပ်၏တပ်မှူးနေမန်လည်း အလားတူအမှားမျိုး လုပ်မိခါနီးဖြစ်သည်။ သူ၏နူနာရောဂါပျောက်စေရန်…
ကျွန်မ၏ ကျမ်းစာကျောင်း ပါမောက္ခ ဒေါက်တာလီသည် နေ့လည်စာစားပွဲ၌ ကျွန်မတို့၏ကျောင်းကို ထိန်းသိမ်းစောင့်ရှောက်သူ ဘင်ဂျီး အလာနောက်ကျမည်ကို သတိပြုမိသောအခါ၊ သူသည် အစားအသောက်တစ်ပန်းကန်စာကို ဘင်ဂျီးအတွက် အသာလေး ဖယ်ထားလိုက်သည်။ အတန်းဖော်များနှင့် ကျွန်မစကားပြောနေစဉ် ဒေါက်တာလီက နောက်ဆုံးကျန်သည့်ဆန်ကိတ်ကိုလည်း ဘင်ဂျီးအတွက် အသာလေး ပန်းကန်ပေါ် ထားပေးလိုက်သည်။ ခြစ်ထားသော အုန်းသီးအချို့ကို အရသာရှိရှိ အပေါ်၌ ဖြူးပေးသည်။ ဤကြင်နာပြမှုက ထင်ရှားကျော်ကြားသော ဓမ္မပညာရှင်တစ်ဦး၏ အပြုအမူများစွာထဲမှ တစ်ခုဖြစ်ပြီး၊ ၄င်းသည် ဘုရားသခင်အပေါ် ဒေါက်တာလီ၏ သစ္စာရှိမှု ပြည့်လျှံနေခြင်းဟု ကျွန်မယူဆပါသည်။ အနှစ်နှစ်ဆယ် ကြာပြီးနောက်၊ သူ၏နက်နဲသည့် စွဲမှတ်ဖွယ်အပြုအမူက ကျွန်မအပေါ် လွှမ်းမိုးဆဲဖြစ်သည်။
တမန်တော်ယောဟန်၌ ယုံကြည်သူမြောက်မြားစွာအပေါ် နက်နဲသည့် စွဲမက်ဖွယ်အပြုအမူတို့ ချန်ရစ်ထားခဲ့သော မိတ်ဆွေတစ်ဦး ရှိပါသည်။ ဘုရားသခင်နှင့် သမ္မာကျမ်းစာအပေါ် သစ္စာတည်ပြီး “သမ္မာတရား”၌ အစဉ်မပြတ်လျှောက်လှမ်းသူ ဂါယု အကြောင်း (၃…
Fred (ဖရက်)၏ဇနီး ကွယ်လွန်ပြီးနောက် သူ၏အပေါင်းအသင်းများနှင့် တနင်္လာနေ့ မနက်စာကို အတူစားသုံးနေသ၍ သူ၏နာကျင်ကြေကွဲမှုကို သူကြံ့ကြံ့ခံနိုင်မည်ဟု သူခံစားရသည်။ အငြိမ်းစား မိတ်ဆွေချင်းတို့က သူ့စိတ်ဝိညာဥ်ကို အားပေးမြှင့်တင်ပေးသည်။ ဝမ်းနည်းမှုများဝင်လာတိုင်း မိတ်ဆွေများနှင့်အတူ ထပ်မံတွေ့ဆုံပျော်မွေ့ရန် ဖရက် တွေးမိသည်။ ဖရက်အတွက် ၎င်းတို့၏တွေ့ဆုံရာ အခန်းထောင့်က စားပွဲသည် သူ၏ဝမ်းနည်းခံစားရမှုမှ လွတ်မြောက်လုံခြုံရာနေရာဖြစ်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ မိတ်ဆွေအချို့မှာ ဖျားနာကြပြီး အချို့မှာ ကွယ်လွန်သွားကြ၍ ထိုတွေ့ဆုံမှု အဆုံးသတ်သွားသည်။ ထိုဟာကွက်က ဖရက် အား သူငယ်ရွယ်စဥ်က တွေ့ရှိခဲ့သော ဘုရားသခင်ထံတော်မှ နှစ်သိမ့်သက်သာရာကို ရှာဖွေစေခဲ့သည်။ “အခုကျွန်တော် မနက်စာကို တစ်ယောက်တည်း စားတယ်။ ဒါပေမဲ့ ရှင်ယေရှုအတူရှိတယ်ဆိုတဲ့ အမှန်တရားကို စွဲကိုင်ဖို့ ကျွန်တော်သတိရတယ်။ အစာစားပြီးလို့ စားပွဲကထလာတော့ ကျွန်တော့်ရဲ့ ကျန်ရှိနေသေးတဲ့နေ့ရက်တွေကို တစ်ဦးတည်းရင်ဆိုင်ဖို့ မဟုတ်ဘူးဆိုတာကို ကျွန်တော် သိမှတ်ခဲ့တယ်” ဟု သူပြောသည်။…
သူက စပျစ်သီးချိုချဥ်ရပြီး မီးက ဘာလို့ စတော်ဘယ်ရီချိုချဉ် ရတာလဲ” ဟု ကျွန်မ၏ ခြောက်နှစ်အရွယ် တူမလေးက မေးသည်။ ကလေးများသည် မကြာခဏဆိုသလို သူတို့အား ပေးသည့်အရာကို အခြားသူများ ရရှိသောအရာနှင့် နှိုင်းယှဉ်တတ်ကြောင်း အစောကြီးကတည်းက ကျွန်မ၏တူတူမများက သင်ပေးခဲ့သည်။ ဆိုလိုသည်မှာ အရမ်းချစ်တတ်သောအဒေါ်အနေနှင့် ကောင်းမွန်မှန်ကန်သော စီရင်ဆုံးဖြတ်ချက်ကို ပြုရန်ဖြစ်သည်။
တစ်ခါတစ်ရံ၌ ကျွန်မလည်း ဘုရားသခင်ပေးသောအရာကို အခြားသူများအား ပေးသောအရာနှင့် နှိုင်းယှဉ်တတ်သည်။ “ကျွန်မမှာ ဒါရှိပြီး သူ့မှာ ဘာလို့ အဲဒါရှိတာလဲ” ဟု ကျွန်မ ဘုရားသခင်ကို မေးသည်။ ကျွန်မ၏မေးခွန်းများသည် ဂါလိလဲအိုင်နားတွင် ရှိမုန်ပေတရုမှ သခင်ယေရှုကို မေးခဲ့သည်များကို အမှတ်ရစေသည်။ သခင်ယေရှုသည် ပေတရု သူ့အား ငြင်းပယ်ခဲ့ခြင်းကို ခွင့်လွှတ်ပေးခဲ့ပြီး မာတုရကဲ့သို့ သေခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အကြောင်း (ယော ၂၁:၁၅-၁၉) ပေတရုအား ပြောပြနေသည်။…
စူစန်သည် အိမ်သုံးပစ္စည်းများမှလွဲ၍ သုံးနှစ်တာလုံး သူမအတွက် ဘာမှ မဝယ်ခဲ့ပါ။ ကိုဗစ်-၁၉ ကပ်ရောဂါက ကျွန်မသူငယ်ချင်း၏ဝင်ငွေကိုထိခိုက်စေပြီး ရိုးရှင်း သောနေထိုင်မှုပုံစံကို သူမကျင့်သုံးခဲ့သည်။ “တစ်နေ့ အခန်းသန့်ရှင်းရေးလုပ်ရင်းငါ့ရဲ့ပစ္စည်းတွေ အတော်လေးဟောင်းနွမ်းပျက်စီးနေတာကို သတိပြုမိခဲ့တယ်။ အဲဒီအချိန်မှာမှ ပစ္စည်းအသစ်ပိုင်ဆိုင်လိုစိတ်၊ ဆန်းသစ်မှုနဲ့ စိတ်လှုပ်ရှားမှုဆိုတဲ့ ခံစားချက်ကို ငါ စပြီးလွမ်းလာတယ်။ ငါ့ရဲ့ဝန်းကျင်က ရိုးအီပြီး ငြီးငွေ့စရာကြီး။ မျှော်လင့်စရာဘာမှမရှိတော့သလို ငါ ခံစားရတယ်”ဟု သူမ မျှဝေပြောပြခဲ့သည်။
စူစန်သည် အားပေးတိုက်တွန်းမှုကို ကျမ်းစာထဲရှိ မထင်မှတ်ထားသည့် ကျမ်းတစ်ခုမှတွေ့ရှိခဲ့သည်။ ယေရုရှလင်မြို့သည် ဗာဗုလုန်လက်အောက်သို့ ကျရောက်ပြီးနောက် ပရောဖက်နှင့် လူတို့ခံစားခဲ့ရသော ဝမ်းနည်းပူဆွေးမှု ဒဏ်ရာကို ယေရမိမြည်တမ်းစကားများက ဖော်ပြနေသည်။ မည်သို့ပင်ဖြစ်စေ ဝမ်းနည်းပူဆွေးမှု၏ စိတ်ပျက်အားငယ်မှုအလယ်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဟူသည့် သေချာသည့် မျှော်လင့်ခြင်းအမြစ်တည်ရှိသည်။ “ထာဝရဘုရား ၏ ကရုဏာတော်သည် ဘယ်သောအခါမျှ မကုန်”ဟု ယေရမိရေးခဲ့သည်။ “နံနက်တိုင်း ကရုဏာအသစ်ကို ခံရကြ၏”…